“ကာဂျီကီ” မုန်တိုင်းအရှိန်ကြောင့် မိုးကြီး၊ရေကြီး၊မြေပြိုမှုတွေ သတိပြုဖို့လို

Published on Aug 26, 2025

ဩဂုတ်လ ၂၆ ရက်၊ အင်္ဂါနေ့အတွက် နောက်ဆုံးရ မိုးလေဝသသတင်းနဲ့ အရေးပေါ်သတိပေးချက်တွေကို တင်ဆက်ပေးပါတော့မယ်။ “ကာဂျီကီ” မုန်တိုင်းရဲ့ အရှိန်ကြောင့် မနက်ဖြန်ကစပြီး နိုင်ငံတစ်ဝန်း မိုးများနိုင်ကာ၊ အဓိကမြစ်ကြီးတွေမှာ ရေကြီးမှုအန္တရာယ် “ခရမ်းရောင်အဆင့်” သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ခဲ့တဲ့ “ကာဂျီကီ” အပူပိုင်းမုန်တိုင်းဟာ ဒီကနေ့မှာ လာအိုနိုင်ငံကို ဖြတ်ကျော်ပြီး အားပျော့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ် ထိုင်းနိုင်ငံမြောက်ပိုင်းကို ဦးတည်ရွေ့လျားနေပါတယ်။