မြန်မာနိုင်ငံဒေသအချို မိုးကြီးပြီး ရေကြီးမြေပြိုမှုအန္တရာယ်ကို ကြိုတင်ပြင်ဆင်ရန်လို

တောင်တရုတ်ပင်လယ်မှာ အပူပိုင်းမုန်တိုင်းစတင်ဖြစ်ပေါ်နေပြီး သူ့ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှုတွေ ပိုမိုများပြားလာနိုင်ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းမှာ ရက်အနည်းငယ်ကြာ ဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့မနက်ပိုင်းမှာ အားကောင်းလာပြီး အပူပိုင်းမုန်တိုင်းငယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ ဒီမုန်တိုင်းဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအဆင့်အထိ ရောက်ရှိလာနိုင်တယ်လို မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ခန့်မှန်းထားပါတယ်။