ပဲခူးမှာ ပြတ်ကျနေတဲ့ မီးကြိုးကြောင့် ကလေးငယ်တစ်ဦး သေဆုံး

Author CJ Platform
Categories
Published on Jul 19, 2025

ပဲခူးမြို့ ဥဿာမြို့သစ် အမှတ်(၁) ရပ်ကွက် နယ်မြေ ၅မှာ ဇူလိုင်လ ၁၈ရက်နေ့ ညနေပိုင်းက ပြတ်ကျနေတဲ့ လျှပ်စစ်မီးကြိုးကို တက်နင်းမိရာမှ အသက် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ဓာတ်လိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

သေဆုံးသူ ကလေးငယ်ဟာ ရွှေဘုန်းပွင့်ဘုန်းတော်ကြီး စာသင်ကျောင်းမှာ တက်ရောက် စာသင်ကြားနေတဲ့ Grade 1 ကျောင်းသား မောင်ကျော်ကျော်မျိုးဖြစ်ပြီး လမ်းမီးတိုင်ကနေ ပြတ်ကျနေတဲ့ လျှပ်စစ်မီးကြိုးကို နင်းမိရာမှ ဓာတ်လိုက် သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

 

“အမေဖြစ်သူက ခြင်ဆေးခွေဝယ်ခိုင်းလို့ သွားဝယ်တာမှာ ပတ်လမ်းနားက လမ်းမီးတိုင်က ပြတ်ကျနေတဲ့ကြိုးကို နင်းမိတာလို့ ပြောကြတယ်၊ မီးမလာတာ အချိန်များချိန် တိုက်ဆိုင်သွားတာ”လို့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။

 

ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပေမဲ့ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက လာရောက် ပြုပြင်တာ မရှိဘူးလို့လဲ ဆိုပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – Thet Phyo Kyaing