မန္တလေး ရေလောင်ရွာအနီးမှာ မျက်နှာတစ်ခုထဲ ပုတ်ပွကာ သေဆုံးနေတဲ့ အလောင်းတစ်လောင်း တွေ့ရှိ

Author CJ Platform
Categories
Published on Jul 12, 2025

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေလောင်ကျေးရွာ သွားလမ်း အနီးမှာ ဇူလိုင် ၁၁ရက်နေ့ ည ၇နာရီခွဲခန့်က မျက်နှာတစ်ခုထဲ ပုတ်ပွကာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသားလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဒေသတွင်း လူမှုရေး အဖွဲ့အစည်းတွေဆီက သိရပါတယ်။

 

မျက်နှာတစ်ခုထဲသာ ပုတ်ပွနေပြီး ခန္ဓာကိုယ်မှာတော့ အခြား ဒဏ်ရာတွေ မတွေ့ရှိရဘူးလို့ သွားရောက် ကူညီခဲ့တဲ့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

 

ပိုင်ရှင်မဲ့ အမျိုးသားအလောင်းဟာ အနက်ရောင် အင်္ကျီလည်ကတုံး လက်တိုကို ဝတ်ဆင်ထားပြီး ဘောင်းဘီ ခဲနက်ရောင် အတိုကို ဝတ်ဆင်ထားကာ အသက် ၃၇နှစ်အရွယ်ခန့် ရှိတယ်လို့ ဆိုပါတယ်။

 

သေဆုံးသူကို မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

သူ့ရဲ့ ဓာတ်ပုံအသေးစိတ်ကိုတော့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က မှတ်တမ်းရယူထားပြီး လူပျောက်ဆုံးမှုရှိနေတဲ့ မိသားစုဝင်တွေအနေနဲ့ လာရောက်ဆက်သွယ်ပြီး ကြည့်ရှုနိုင်တယ်လို့ အသိပေးထားပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့