ဝက်သန္ဓေသားထဲမှာ လူ့နှလုံးပုံစံကို ထည့်သွင်းမွေးမြူ

တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ ဇီဝဆေးပညာနဲ့ မွေးမြူရေးသိပ္ပံပညာရှင် လိုင်လျန်ရွှယ် ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ဝက်သန္ဓေသားတစ်ခုအတွင်းမှာ လူ့ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နှလုံးတစ်ခုကို အောင်မြင်စွာ မွေးမြူနိုင်ပါတယ်။
ဒီအောင်မြင်မှုဟာ ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရတဲ့ လူ့ခန္ဓာကိုယ်မှာ ကိုယ်အင်္ဂါအစားထိုးကုသရာမှာ ကိုယ်အင်္ဂါရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ ကိုင်မဲရား (chimera) လို့ခေါ်တဲ့ သုတေသနနယ်ပယ်မှာ ထိုးဖောက်အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
လူ့လက်ချောင်းထိပ် အရွယ်အစားရှိတဲ့ အဆိုပါ နှလုံးဟာ ဖွံ့ဖြိုးမှုမရပ်တန့်မီ ၂၁ ရက်ကြာ ဆက်တိုက် ခုန်နေခဲ့ပါတယ်။ မျိုးဗီဇ ပြုပြင်မွမ်းမံထားတဲ့ လူ့ပင်မဆဲလ်တွေကို ဝက်သန္ဓေသားတွေအတွင်း ရှင်သန်နိုင်ဖို့ စီမံပြီးတဲ့နောက် ဝက်မတွေရဲ့ သားအိမ်အတွင်း ထည့်သွင်းမွေးမြူခဲ့တာပဲ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုကို ဟောင်ကောင်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ပင်မဆဲလ်သုတေသနအသင်း (ISSCR) ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီအဖွဲ့ကပဲ အရင်ကလည်း ဝက်သန္ဓေသားတွေအတွင်း လူ့ကျောက်ကပ်တွေ မွေးမြူတာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ဖူးပါတယ်။
ဒီအောင်မြင်မှုတွေဟာ တိရစ္ဆာန်တွေထဲမှာ အစားထိုးကုသနိုင်တဲ့ လူ့ကိုယ်အင်္ဂါတွေကို မွေးမြူနိုင်ဖို့ လမ်းခင်းပေးနိုင်ပေမယ့် ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်မှုတွေ ဆက်ရှိနေပါတယ်။ နောက်ပြီး ဆေးကုသရာမှာ အမှန်တကယ် အသုံးပြုနိုင်တဲ့ အပြည့်အဝအလုပ်လုပ်တဲ့ လူ့ကိုယ်အင်္ဂါတွေရဖို့က နှစ်ပေါင်းများစွာ ကြာအုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Source – Bangkok Post
ဓာတ်ပုံ – Bangkok Post