ညောင်တုန်းက သဲကုန်းကျေးရွာမှာ စစ်မှုထမ်းကြေးဆိုကာ တစ်အိမ်ထောင်ကို ၆ သောင်း ကောက်နေ

Author CJ Platform
Categories
Published on Jun 25, 2025

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဝါးတောစွန်းကျေးရွာအုပ်စု သဲကုန်းကျေးရွာ ရာအိမ်မှူးက အိမ်ထောင်စုတစ်စုကို စစ်မှုထမ်းကြေးအဖြစ် တစ်လကို ခြောက်သောင်းကျပ် ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

 

စစ်ကောင်စီခန့် ရာအိမ်မှူးဖြစ်သူ ကိုစိုးနိုင်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ကိုသန်းထွဋ်ဦး တို့နှစ်ယောက်က ကောက်ခံတဲ့ စစ်မှုထမ်းကြေးမပေးပါက စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းကာ လိုက်လံဖမ်းဆီးမယ်လို့ ခြိမ်းခြောက်တာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

 

ညောင်တုန်းမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်း လူအစားထိုးဖို့အတွက် ရပ်ကွက်၊ ကျေးရွာ အားလုံး လစဉ် ငွေကောက်ခံနေတာဖြစ်ပြီး အများစုမှာ တစ်လ ၂ သောင်းကျော်သာ ကောက်ခံလေ့ရှိပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။