စီတရန် မုန်တိုင်းကြောင့် ပေါက်တောမြို့နယ်မှ နေအိမ်အချို့ ပျက်စီးခဲ့ရ

Published on Oct 24, 2022

ဆိုင်ကလုန်းမုန်တိုင်း စီတရန် (SITRAN) တိုက်ခတ်မှု အရှိန်ကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အတွင်းရှိ ဆင်တက်မော်ကျေးရွာမှ နေအိမ်အချို့ ပျက်စီးဆုံးရူံးခဲ့ကြောင်း သိရသည်။

ဆင်တက်မော်ကျေးရွာသည် ပင်လယ်ဝတွင် တည်ရှိသည့်အတွက်ကြောင့် မုန်တိုင်း၏အရှိန်ဖြင့် ဒီရေမြင့်တက်ခဲ့ပြီး နေအိမ် စျေးဆိုင်များနှင့် ကမ်းထိန်းကျောက်နံရံများ ပြိုကျပျက်ဆီးခဲ့ကြောင်း သိရသည်။

မုန်တိုင်းအရှိန်ကြောင့် ငါးဖမ်းစက်လှေများအနေဖြင့် ပင်လယ်ပြင်အတွင်းသို့ အောက်တိုဘာလ ၂၅ ရက် နေ့အထိ ထွက်ခွာခြင်းမပြုရန်လည်း ငါးလုပ်ငန်းဦးစီးဌာနမှ သတိပေးထားသည်။

အဆိုပါမုန်တိုင်း၏ အရှိန်ကြောင့် ပေါက်မြို့နယ်အတွင်းရှိ ငှက်ချောင်းဒုက္ခသည်စခန်းမှာလဲ ရေကြီးနစ် မြုပ်လျက်ရှိနေပြီး အရေးပေါ် ပြောင်းနေရကြောင်း သိရသည်။
#စီတရန်မုန်တိုင်း #ရခိုင်ပြည်နယ် #ပေါက်တောမြို့နယ် #နေအိမ်အချို့ပျက်စီး