ဂန့်ဂေါနယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးမှု များပြားနိုင်

Author ခေတ်နီ
Categories
Published on Oct 23, 2022

မကွေးတိုင်း ဂန့်ဂေါမြို့နယ် အတွင်း စစ်ကောင်စီတပ်၏ တပ်မ ၅၅ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး အကျအဆုံးရှိနိုင်ကြောင်း ဂန့်ဂေါPDFက ထုတ်ပြန်ထားသည်။

ကန်ရွာမှ ဂန့်ဂေါမြို့ဘက်သို့ ပြန်ဆုတ်လာသည့် စစ်ကောင်စီလက်အောက်ခံ တပ်မ၅၅ ၏ အင်အား (၁၀၀)ပါ ခြေလျင်စစ်ကြောင်းကို ယမန်နေ့မှာ ဂန့်ဂေါခရိုင်၊ အမှတ်(၁)တပ်ရင်း တပ်ခွဲ၁ တပ်ခွဲမှူး ဦးစီးသည့် အင်အား(၆၀)ရှိ PDFတပ်ရင်းနှင့် ABSDF၊ CDF-KKG၊ ၊၇၀၅ ၊ပကဖ ပူးပေါင်းတပ်ဖွဲ့က ဂန့်ဂေါမြို့ နယ်၊ ကျွဲနန်းရွာအရှေ့ဘက်၊ ရိုးမတောင်ကြောပေါ်၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများနိုင်ပေမယ့် အတည်ပြုမရသေးပဲ CDF-KKG တပ်ရင်းမှ ရဲဘော်တစ်ဦး ဘယ်ပခုံးနှင့် ရဲဘော်တစ်ဦး ဘယ်လက်ဖျံ ၄၀မမ ဗုံးသီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာပါရှိသည်။