ဟန်လင်းမြို့ဟောင်းနေရာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေ

Author ခေတ်နီ
Categories
Published on Oct 23, 2022

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်းရှိ ဟန်လင်းပျူမြို့ဟောင်းနေရာကို စစ်ကောင်စီတပ်က စစ် ကြောင်းထိုးဝင်ရောက်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေတာကြောင့် အဆိုပါဒေသမှာရှိသည့် ဒေသခံ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဝက်လက်အခြေစိုက် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

ဟန်လင်းပျူမြို့ဟောင်းနေရာကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ ၂၁ရက်နေ့မှစတင်ပြီး လက်နက်ကြီးများ ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပဲဖြစ်ပြီး ယနေ့ မနက်ပိုင်းထိ ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းဝင်ရောက်မှုကြောင့် ဟန်လင်းစခန်းသာ ၊မုဆိုးခြုံ၊ မင်းကုန်း ၊ချောင်းမှီးတို၊ ရွာသစ်ကုန်း၊ ကျောက်မန်းကန် စသည့်ကျေးရွာများနှင့် အနီးအနားမှာရှိသည့် ရွာများမှ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“လက်ရှိက ငြိမ်နေတယ်ဗျ အဲဒီ ဟန်လင်းပတ်လည် မှာ ရှိတဲ့ ရွာတွေက ပြေးနေရတာပါဘဲ စခန်းသာ ၊ဟံလင်း ၊ဆားတောင်ကြီး၊မှတ်ထိ ရွာတွေရောပေါ့ ရွာသားတွေဖမ်းဆီးခံရတာတော့ရှိတယ် အတိအကျတော့မသိသေးဘူး “ဟု Wetlet Information Network အဖွဲ့မှ ဗိုလ်မြေသြဇာက CJ Platformသို့ ပြောသည်။

ဟန်လင်းပျူမြို့ဟောင်းဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့ဟောင်းနေရာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က အမျိုးသားညီညွှတ်ရေးအစိုးရ NUG၏ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးမဖော်ဆောင်ရမည့် ထိန်းသိမ်းစောင့်ရှောက်ရမည့် အမွေအနှစ် နေရာ ၃၀တွင် ပါဝင်သည့်နေရာတစ်ခုလဲ ဖြစ်သည်။

Related News

Depend on news