“ပြေးဟ ပရောဂျက် ယခုတစ်ပတ်” အစီအစဉ်ထဲ ဒီတစ်ပတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၇၆ ဦး အလင်းဝင်ရောက်လာ

Author CJ Platform
Categories
Published on Mar 22, 2025

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လမ်းမှန်ရွေးချယ်ပြီး ဘဝသစ်ပြန်စနိုင်ဖို့ “ပြေးဟ ပရောဂျက် ယခုတစ်ပတ်” အစီအစဉ်မှာ အခု မတ်လ ဒုတိယအပတ်အတွင်း စစ်မှုထမ်းတပ်သားသစ်တွေ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၆ ဦး ဝင်ရောက်လာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ဝင်ရောက်လာသူတွေထဲ အလင်းဝင်ရောက်လာသူ ၂၈ ဦး၊ စစ်သုံပန်း ၄၈ ဦးဖြစ်ပြီး စစ်မှုထမ်းဥပဒေ အရ စစ်မှုထမ်းတပ်သားသစ်တွေ ပါဝင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ သိရပါတယ်။

 

ပြေးဟ ပရောဂျက် ယခုတစ်ပတ် အစီအစဉ်အရ အလင်းဝင်လာသူတွေအထဲ မွန်ပြည်က ၆ ဦး၊ တနင်္သာရီတိုင်းက ၂ ဦး၊ မန္တလေးတိုင်းက ၁၄ ဦးနဲ့ စစ်ကိုင်းတိုင်းက ၄ ဦး စုစုပေါင်း ၂၈ ဦးဖြစ်ပြီး အဲဒီအထဲ စစ်ကောင်စီတပ်သား ၂၆ ဦးပါဝင်ကာ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းကပြည်သူ့စစ် ၂ ဦးဖြစ်တယ် လို့ဆိုပါတယ်။

 

ဒါ့အပြင် စစ်သုံပန်းတွေအနေနဲ့ မန္တလေးတိုင်းက ၁၄ ဦး၊ စစ်ကိုင်းတိုင်းက ၃၄ ဦး စုစုပေါင်း ဖမ်းဆီးခံရသူ ၄၈ ဦးရှိတယ်လို့သိရပါတယ်။

 

ပြည်သူ့ပန်းတိုင်အဖွဲ့က အခု မတ်လ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း တော်လှန်ရေးအဖွဲ့အစည်း တွေနဲ့ မီဒီယာတွေကနေ ကိုးကားကောက်ယူထားတဲ့စာရင်းတွေဖြစ်ပြီး တယ်လီဂရမ် : [@PeopleGoal] နဲ့ ဗိုက်ဘာ : +66 94 652 9985 တို့ကတဆင့် ပြည်သူ့ပန်းတိုင်ကို ဆက်သွယ်လို့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ကိုယ့်လက်ထဲမှာ ရှိတဲ့ ကိုယ့်ဘဝရှင်သန်ခွင့်ကို အကျိုးရှိရှိ မိမိရရ အသုံးချကြပါလို့ တိုက်တွန်းထားသလို ဉာဏ်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ လမ်းမှန်ကိုရွေးလို့ ဘဝသစ်ပြန်စနိုင်ခဲ့ကြပြီ ဖြစ်တယ်လို့လည်း ထုတ်ပြန်အသိပေးထားပါတယ်။

 

ဓာတ်ပုံ – ပြည်သူ့ ပန်းတိုင်

Related News

Depend on news