“အကျဈေးနှုန်းကိုရောက်လာတဲ့ စက်သုံးဆီ” “ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (မတ်လ ၉  ရက်ကနေ ၁၅   ရက်နေ့အထိ)

Published on Mar 16, 2025

စက်သုံးဆီဈေးနှုန်းတွေဟာ အခု မတ်လ အတွင်းပြန်လည်ကျဆင်းလာခဲ့ရာ ဒီတစ်ပတ်မှာလည်း ထပ်မံကျဆင်းလာတာကြောင့် ဒီနှစ်ဇန်နဝါရီလ အစပိုင်း ဈေးနှုန်းနီးပါး ပြန်ရောက်ရှိသွားခဲ့တာကို တွေ့ရပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေလည်း ဒီတစ်ပတ်ရဲ့ တနင်္လာနေ့မှာ  စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ကန်ဒေါ်လာ ၃၃ သန်းနဲ့ ထိုင်းဘတ် သန်း ၁၅၀ ကို ရောင်းချပေးမယ်လို့ အရင်အပတ်ကလိုပဲ ကြေညာခဲ့ပါတယ်။

 

ရန်ကုန်စက်သုံးဆီ ဈေးနှုန်းတွေထဲ ဒီဇယ်ဈေးနှုန်းဟာ ပြီးခဲ့တဲ့အပတ်ကထက် တစ်လီတာကို ၃၅ ကျပ် အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၄၅ ကျပ် ကျဆင်းသွားခဲ့သလို ဓာတ်ဆီအမျိုးအစားတွေဖြစ်တဲ့ အောက်တိန်း 92 က တစ်လီတာ ၇၅ ကျပ်နဲ့ အောက်တိန်း 95 က တစ်လီတာကို ၇၀ ကျပ် ကျဆင်းသွားခဲ့တာပါ။

 

မန္တလေးစက်သုံးဆီဈေးကွက်မှာတော့ စက်သုံးဆီဈေးနှုန်းအားလုံး ရန်ကုန်ဈေးကွက်ထက် အရင်အပတ်လိုပဲ တစ်လီတာကို  ၁၁၅ ကျပ်ပိုများကာ ကွာဟနေပါတယ်။

 

ဒီတစ်ပတ်မှာလည်း အရင်အပတ်ကလိုပဲ သောကြာနေ့ ဈေးကွက်ပိတ်ချိန်မှာ စက်သုံးဆီစျေးနှုန်း အပြောင်းအလဲ ဖြစ်ခဲ့တာကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒီတစ်ပတ် စနေနေ့ ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၆၅၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၂၈၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၀၈၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၁၃၅ ကျပ်ဈေးရှိပါတယ်။

 

မန္တလေးစက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၇၇၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၄၀၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၁၉၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၂၅၀ ကျပ် ဈေးရှိပါတယ်။

Related News

Depend on news