Generation Alpha တို့ အတွေးအမြင်


ဒီကနေ့အချိန်ထိ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေကို ပြန်မသွားဘဲ CDM လုပ်ဆောင်နေတဲ့ အခြေခံပညာ ကျောင်းသူ၊ကျောင်းသားတွေ အများအပြား ရှိနေပါတယ်။

 

သူတို့အများစုဟာ ဖိနှိပ်မှု အခက်အခဲတွေအတွင်း ကြားကာလပြည်သူ့ပညာရေး အစီအစဉ်ဖြစ်တဲ့ မြေပြင်စာသင်ကျောင်းတွေ ၊ Online School တွေမှာ စာသင်ကြားနေကြပါတယ်။ သင်ကြားပေးနေသူတွေဟာလည်း CDM ဆရာမ၊ဆရာတို့ပါပဲ။

 

ကြားကာလ ဖက်ဒရယ်ပညာရေးကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားနေတဲ့ ကလေးငယ်တွေ ဘယ်လောက်ထိ စွမ်းဆောင်ရည်ပြည့်ဝနေကြသလဲ ? သူတို့ ဘာတွေ လုပ်ဆောင်နိုင်သလဲဆိုတာကို အများပြည်သူတွေလည်း သိရှိနေချင်မှာပါ။

 

လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တာကြောင့်  Generation Alpha တွေ ဘာတွေလုပ်နိုင်သလဲ ? သူတို့ရဲ့ အတွေးအခေါ် အသိအမြင်တွေဟာ ဘယ်လိုရှိနေသလဲ ? ဆိုတာကို အများပြည်သူတွေ သိရှိနိုင်ဖို့ CJ Platform ရဲ့ အစီအစဉ်အသစ်ဖြစ်တဲ့ “Generation Alpha တို့ အတွေးအမြင်” ဆိုတဲ့ အစီအစဉ်လေးကို စတင်ဖွင့်လှစ်လိုက်ပါတယ်။

 

ဒီအစီစဉ်လေးမှာ ပါဝင်ကြမဲ့ သူတွေကတော့ CJ Platform နဲ့ ချိတ်ဆက်ထားတဲ့ ကြားကာလပြည်သူ့ပညာရေးကျောင်းတွေမှာ ဦးဆောင်သင်ကြားနေတဲ့ ဆရာမ၊ဆရာတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေပဲဖြစ်ပါတယ်။

 

“Generation Alpha တို့ အတွေးအမြင်”အစီအစဉ်ရဲ့ ပထမဆုံး ကဏ္ဍလေးကတော့ “သံချပ်တွေကျော်ပြီး အနာဂတ်ဆီ”ဆိုတဲ့ အသံပြဇာတ်ပြိုင်ပွဲ ကဏ္ဍပါ။ ဒီခေါင်းစဉ်လေးကို ကြားကာလပြည်သူ့ပညာရေးကျောင်းတွေမှာ တက်ရောက်နေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေ ကိုယ်တိုင် ရွေးချယ်ထားတာပါ။

 

“သံချပ်တွေကျော်ပြီး အနာဂတ်ဆီ” ကဏ္ဍကိုတော့ မတ်လ ၁၁ရက်နေ့မှာ စတင်ထုတ်လွှင့်မှာပဲဖြစ်ပါတယ်။ Generation Alpha တို့ စာသင်ကျောင်းတွေအလိုက် ဖန်တီးထားတဲ့ သူတို့အတွေး သူတို့အမြင် အသံပြဇာတ် ဇာတ်လမ်းတွေကို CJ Platform ကနေ မတ်လ ၂၃ရက်နေ့ထိ နေ့စဉ် ညနေ ၅နာရီတိုင်းမှာ ထုတ်လွှင့် တင်ဆက်သွားမှာပါ။

 

Generation Alpha တို့ရဲ့ အသံပြဇာတ်တွေကို ဆုပေးရွေးချယ်မှု အစီအစဉ်တွေလည်း ပါဝင်ပါမယ်။ ဒါ့အပြင် ဖက်ဆစ်တော်လှန်ရေးနေ့မှာတော့ သူတို့ အသံပြဇာတ် ၁၃ပုဒ်ကို မနက် ၉နာရီအချိန်ကတည်းက တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်လည်း ပါဝင်ပါမယ်။

 

CJ Platform ကို အားပေးကူညီနေတဲ့ မိဘပြည်သူတွေကလည်း Generation Alpha တို့ရဲ့ အသံပြဇာတ်တွေကို မဲပေးရွေးချယ်နိုင်မှု အစီအစဉ်လည်း ပါဝင်ပါမယ်။

 

ဒီအစဉ်ရဲ့ ရည်ရွယ်ချက်ဟာ ကြားကာလပြည်သူ့ပညာရေးကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့ နိုင်ငံရဲ့ အနာဂတ် Generation Alpha တွေ ဘာတွေ စွမ်းဆောင်နိုင်တယ်ဆိုတာကို မိဘပြည်သူတွေ အားလုံး သိရှိနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။

 

အားလုံးပဲ စောင့်မျှော်ကြည့်ရှုပြီး Generation Alpha တွေကို အားပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ်။