“အောက်တိန်း 92 နဲ့ 95 ဈေးနှုန်းတွေ ဆက်မြင့်တက်နေဆဲ” “ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဖေဖော်ဝါရီ ၂၃ ရက်ကနေ မတ်လ ၁ ရက်နေ့အထိ)

စက်သုံးဆီဈေးနှုန်းတွေ ပြီးခဲ့တဲ့အပတ်က မြင့်တက်ခဲ့ရာကနေ အခု မတ်လ အစ မှာတော့ ဒီဇယ်ဈေးနှုန်းတွေ တက်ခဲ့သလောက် ပြန်မကျပေမဲ့ အနည်းငယ်သာ ပြန်ကျခဲ့ပါတယ်။
ဓာတ်ဆီအမျိုးအစားတွေဖြစ်တဲ့ အောက်တိန်း 92 နဲ့ 95 စက်သုံးဆီတွေကတော့ ဒီတစ်ပတ်မှာလည်း ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။
ဒီတစ်ပတ် ရန်ကုန်စက်သုံးဆီဈေးကွက်ထဲ ရိုးရိုးဒီဇယ် တစ်လီတာကို ၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၁၅ ကျပ်သာ ကျဆင်းခဲ့တာကိုတွေ့ရပြီး အောက်တိန်း 92 တစ်လီတာကို ၁၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၁၀ ကျပ် ဆက်လက်မြင့်တက်နေဆဲ ဖြစ်တာကို တွေ့ရပါတယ်။
မန္တလေး စက်သုံးဆီဈေးကွက်မှာတော့ ရိုးရိုးဒီဇယ်တစ်လီတာကို ရန်ကုန်ဈေးကွက်ထက် ၅ ကျပ်ပိုကာ ၁၀ ကျပ် ကျဆင်းခဲ့ပြီး အောက်တိန်း 95 တစ်လီတာကတော့ ၁၅ ကျပ် မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။
ဒီတစ်ပတ်မှာလည်း အရင်အပတ်ကလို သောကြာနေ့ ဈေးကွက်ပိတ်ချိန်မှာပဲ စက်သုံးဆီစျေးနှုန်းတွေ စျေးနှုန်းအပြောင်းအလဲ ဖြစ်ခဲ့တာကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီတစ်ပတ် စနေနေ့ ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၇၆၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၄၁၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၂၃၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၂၈၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။
မန္တလေးစက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၈၇၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၅၂၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၃၄၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၃၉၀ ကျပ်ဈေးရှိပါတယ်။