“စက်သုံးဆီဈေးနှုန်း ပြန်လည်မြင့်တက်လာ” “ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ)

Published on Feb 23, 2025

စက်သုံးဆီဈေးနှုန်းတွေ ပြီးခဲ့လထဲ မြင့်တက်ခဲ့ရာကနေ ဒီလ မှာတော့ အနည်းငယ်ပြန်ကျပြီး ရပ်တန့်နေရာက ဒီတစ်ပတ်မှာတော့ ပြန်လည် မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။

 

ဒီတစ်ပတ်ထဲ ရိုးရိုးဒီဇယ် တစ်လီတာကို ၃၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၆၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ၅၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၅၀ ကျပ် မြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။

 

ဒီတစ်ပတ်ရဲ့ သောကြာနေ့ ဈေးကွက်ပိတ်ချိန်မှာ စက်သုံးဆီစျေးနှုန်းတွေ စျေးနှုန်းအပြောင်းအလဲ ဖြစ်ခဲ့တာကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ရှမ်းပြည် အရှေ့ပိုင်းရှိ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ထိုင်းနိုင်ငံကစက်သုံးဆီဖြတ်တောက်ထားတာကြောင့် စိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။

 

အဲဒီဒေသတွေဟာ ထိုင်းနိုင်ငံမှ ပေးသွင်းလာတဲ့ စက်သုံးဆီတွေကိုသာ အားထားနေရတာဖြစ်ပြီး လက်ရှိမှာတော့ ရန်ကုန် ၊ မန္တလေး က လာတဲ့ စက်သုံးဆီကို အသုံးပြုရမှာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဒီတစ်ပတ် စနေနေ့ ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၇၆၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၄၂၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၂၁၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၂၇၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။