ဒေသအများအပြားမှာ ဖေဖော်ဝါရီလလယ်အထိ အေးနိုင် “ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Feb 03, 2025

“ရာသီဥတုအခြေအနေ”

 

အနောက်မြောက်ကနေ စီးဝင်နေသေးတဲ့ လေအေးစီးကြောင်းတွေကြောင့်

ဖေဖေါ်ဝါရီ လလယ်လောက်အထိ  ဆက်ပြီး အေးနေမှာဖြစ်ပြီး နေ့ဘက် အပူချိန်တွေကတော့ ဆောင်းဦးပေါက်ကာလထက် မြင့်လာမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်နိုင်က ခန့်မှန်းထားပါတယ်။

 

“ညအပူချိန်များ”

 

ညအပူချိန်များမှာ ရန်ကုန်တိုင်းမှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါတယ်။

 

“ထူးခြားညအပူချိန်များ”

 

ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၃ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို၊ လားရှိုးမြို့နဲ့ တောင်ကြီးမြို့တို့မှာ ၇ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်မြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ ကျိုင်းတုံမြို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်းမြို့မှာ ၁၁ ဒီဂရီစင်တီဂရိတ်၊ စစ်တွေမြို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်၊ မုံရွာမြို့နဲ့ ပဲခူးမြို့တို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန် ဖြစ်ပေါ်ခဲ့ပါတယ်။

 

“မြို့ကြီးများ ညအပူအချိန်”

 

ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၄ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၆ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မကွေးမြို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ ဘားအံမြို့မှာ ၁၇ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့နဲ့ ထားဝယ်မြို့တို့မှာ ၁၈ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့မှာ ၂၀ ဒီဂရီစင်တီဂရိတ် အထိ ဖြစ်ပေါ်နိုင်ပါတယ်။

 

“ဒီကနေ့ညနေအထိ အခြေအနေ”

 

စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။

 

Source – စစ်ကောင်စီမိုးဇလ

 

Related News

Depend on news