Disneyland လို တည်ဆောက်သွားမယ်ဆိုတဲ့ ရုပ်ရှင်မြို့တော်စီမံကိန်းဟာ ဆယ်နှစ်ကျော် ကြာလာတဲ့အထိ လမ်းညွှန်ဆိုင်းဘုတ် စိုက်ထူတဲ့အဆင့်က မတက်သေး

Author CJ Platform
Categories
Published on Feb 02, 2025

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ခွင့်ပြုချက် ပြန်လည်ချထားပေးခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမြန်လမ်းဘေးမှာရှိတဲ့ ရုပ်ရှင်မြို့တော်စီမံကိန်းဟာ လမ်းညွှန်ဆိုင်းဘုတ် စိုက်ထူထားတဲ့ အဆင့်ပဲ ရှိသေးတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အနုပညာရှင်တွေက ဒီစီမံကိန်းကို ရင်းနှီးမြုပ်နှံလိုတဲ့ အနုပညာရှင်တွေကိုလည်း ရှာဖွေနေပါတယ်။