ရန်ကုန်နဲ့ ဧရာဝတီမှာ အအေးပေါ့မယ် “ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“ညအပူချိန်များ”
ညအပူချိန်များမှာ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်တို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့အောက် ၃ ဒီဂရီစင်တီဂရိတ်နဲ့ မွန်ပြည်မှာတော့ ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်၊ ရှမ်းပြည်အရှေ့ပိုင်းတို့မှာ ၃ ဒီဂရီစင်တီဂရိတ်စီပိုခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်ရပ်ကွက်တချို့နဲ့ ဧရာဝတီတိုင်းက မအူပင်၊ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ စတဲ့မြို့တွေမှာ မနက်ဖြန်မနက်ပိုင်းအထိ အအေးပေါ့နေမယ်လို့ မိုလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ မနက်စောစောအပူချိန်များ ဆက်လက်ကျဆင်းပြီး အအေးပိုမယ်လို့ ဆိုပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးနဲ့ လားရှိုးမြို့တို့မှာ ၇ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်မြို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်၊ စစ်တွေနဲ့ ကျိုင်းတုံမြို့တို့မှာ ၁၁ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့မှာ ၁၃ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်းမြို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်၊ ထားဝယ်မြို့၊ ပဲခူးနဲ့ မုံရွာမြို့တို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန်ဖြစ်ပေါ်ခဲ့ပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့ညနေ ၆ နာရီကနေ မနက်ဖြန် မနက်ပိုင်းအစောပိုင်းအထိ နေပြည်တော်မှာ ၁၆ ကနေ ၃၁ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၃ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၇ ကနေ ၃၃ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မော်လမြိုင်မြိုမှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ ဘားအံမြို့မှာ ၁၇ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့မှာ ၁၉ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပါတယ်။
“ဒီကနေ့ညနေအထိ အခြေအနေ”
ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
တနင်္သာရီတိုင်း၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်၊ မွန်ပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန် အနည်းငယ် လျော့နည်းနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ