ဆောင်းရာသီကာလရှည်နိုင်လို့ မတ်လဆန်းအထိအေးမယ် “ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“ရာသီဥတုအခြေအနေ”
အားပျော့တဲ့ လာနီညာဖြစ်စဉ်ဟာ ဧပြီလအထိ ဆက်ဖြစ်နိုင်ခြေရှိနေပြီး မတ်လကနေ မေလအတွင်း အယ်လ်နီညိုမဟုတ်-လာနီညာမဟုတ်တဲ့ ပုံမှန်ရာသီဥတုဖြစ်နိုင်မယ့်အခြေအနေ ၆၀ ရာခိုင်နှုန်း ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဆောင်းရာသီကာလလည်း ရက်ရှည်ကြာပြီး မတ်လဆန်းအထိ အေးနေနိုင်တယ်လို့ သူက ခန့်မှန်းထားပါတယ်။
ဒီကနေ့အတွက်တော့ တိုင်းနဲ့ ပြည်နယ်အများစုမှာ နေ့အပူချိန်အနည်းငယ် မြင့်တက်နိုင်ပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၁ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့မှာ ၆ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၇ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်မြို့နဲ့ ကျိုင်းတုံမြို့တို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ ပဲခူးမြို့မှာ ၁၁ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်းမြို့နဲ့ စစ်တွေမြို့တို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်၊ ထားဝယ်မြို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်၊ ဘားအံမြို့နဲ့ မကွေးမြို့တို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိအနိမ့်ဆုံးအပူချိန်ဖြစ်ပေါ်ခဲ့ပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၄ ကနေ ၃၀ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၅ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၅ ကနေ ၃၀ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။
ဒါ့အပြင် မုံရွာမြို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့မှာ ၁၇ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့မှာ ၁၉ ဒီဂရီစင်တီဂရိတ် အထိ ညအပူချိန်တွေ ကျဆင်းနိုင်ပါတယ်။
“ဒီကနေ့ညနေအထိ အခြေအနေ”
တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာနှုန်း ၆၀ ရှိကာ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။
ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိပါမယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ညအပူချိန် အနည်းငယ် လျော့နည်းနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ