အမ်းနပခကို AA အလုံးစုံသိမ်းပိုက်၊ ဒုတိုင်းမှူးနဲ့ တိုင်းစစ်ဦးစီးချုပ်တွေကို အရှင်ဖမ်းမိလို့ ဦးခိုင်သုခအတည်ပြု
ရခိုင်ပြည်တောင်ပိုင်း၊ အမ်းမြို့နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နပခ)ကို ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အလုံးစုံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက CJ Platform ကို အတည်ပြုပြောကြားလိုက်ပါတယ်။“ဒီတိုက်ပွဲအတွင်းမှာ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ နပခရဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်းပဲ ကျွန်တော်တို့ ဖမ်းဆီးရမိထားပြီဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။