ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်တဲ့အတွက် ဒီကနေ့ညနေပိုင်းအထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။တနင်္သာရီတိုင်းမှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်၊ မွန်ပြည်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နေရာကွက်ပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။