ဗုံးဆန်တွေကြားက ကိုယ်ဝန်ဆောင်အမျိုးသမီးများ

Author CJ Platform
Categories
Published on Dec 11, 2024

စစ်ဘေးဒဏ်ကို တိုက်ရိုက်ကြုံတွေ့ခံစားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာရှိနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အားနည်းနေချိန်က ဒီရောဂါကို အမြစ်တွယ်ဖို့ လမ်းစပေးလိုက်သလိုပါပဲ။

ဝမ်းနည်းမှု၊ ကူကယ်ရာမဲ့မှုနဲ့ စိတ်ဖိစီးမှုတွေကလည်း စစ်အတွင်းက အမျိုးသမီးတွေရဲ့ စိတ်ကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနေပါတယ်။ လူသိများတဲ့ ရောဂါ လက္ခဏာတွေကတော့ စိတ်ဒဏ်ရာတွေကို ပြန်မြင်‌ယောင်တာ၊ အာရုံစိုက်မှု နည်းလာတာ၊ မလုံမလဲတာနဲ့ ရှက်ရွံ့စိတ်တွေ များလာတာအပြင် ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်တာမျိုးအထိ ဖြစ်လေ့ရှိပါတယ်။