အမျိုးသမီးတွေအတွက် ဦးဆောင်လမ်းပြဖြစ်စေမယ့် အမျိုးသမီးတစ်ယောက်အကြောင်း
အတိတ်က သမိုင်းစာမျက်နှာတွေကို ပြန်လှန်ကြည့်မယ်ဆိုရင် လူ့အဖွဲ့အစည်းရဲ့ အထင်အမြင်တွေနဲ့ စံနှုန်းတွေကို ချိုးဖျက်ပြီး ယုံကြည်ရာကို ရွပ်ရွပ်ချွံချွံ စွမ်းဆောင်ခဲ့တဲ့ အမျိုးသမီးတွေကို တွေ့ရမှာပါ။ မာလာလာ ယူဆွတ်ဇိုင်၊ မာရီကျူရီတို့က အကောင်းဆုံးဥပမာတွေပေါ့။ ဒီနေ့ခေတ်မှာလည်း လူ့အသိုက်အ၀န်းရဲ့ အမြင်တွေကို ဖောက်ထွက်ပြီး ယုံကြည်ရာကို အကောင်းဆုံး လုပ်ဆောင်နေကြတဲ့ ကမ္ဘာ့ထိပ်တန်း အမျိုးသမီးတွေ အများကြီးရှိပါတယ်။ သူတို့ထဲက တစ်ယောက်ကတော့ အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟဲရစ်ပါ။