မိုးလွန်ရာသီ တစ်နာရီ မိုင် ၁၀၀ ကျော်ထိ တိုက်ခတ်နိုင်တဲ့ စိုက်ဆင်းလေပြင်း အန္တရာယ် သတိပြုကြဖို့ ဦးဝင်းနိုင်ပြော


မိုးလွန်ရာသီ စိုက်ဆင်းလေပြင်း တစ်နာရီ မိုင် ၁၀၀ ကျော်အထိတိုက်ခတ်နိုင်လို့ သတိပြုဖို့လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးပြောကြားလိုက်ပါတယ်။

မိုးကြိုရာသီ၊ မိုးဦးရာသီနဲ့ မိုးနှောင်း မိုးလွန်ရာသီတွေမှာဖြစ်ပေါ်တတ်တဲ့ လေပြင်းအန္တရာယ်ကို သတိထားကြရမှာဖြစ်ပြီး စိုက်ဆင်းလေပြင်းဖြစ်တဲ့အခါ လေတိုက်နှုန်းတစ်နာရီ မိုင် ၁၀၀ ကျော်အထိ ဖြစ်တတ်တာကြောင့် မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်လာရင် သတိထားသင့်တယ်လို့ ဦးဝင်းနိုင်က သတိပေးလိုက်တာပါ။