“ဒီတစ်ပတ် စက်သုံးဆီဈေး အခြေအနေ” (အောက်တိုဘာ ၂၈ မှ နိုဝင်ဘာ ၂ ရက်အထိ)
“ကျဈေးနဲ့ ငြိမ်နေတဲ့ စက်သုံးဆီ”
ဒီတစ်ပတ် စက်သုံးဆီအမျိုးအစားအားလုံးရဲ့ဈေးနှုန်းတွေဟာ အရင်အပတ်က အကျဈေးတွေအတိုင်း ငြိမ်သက်နေဆဲဖြစ်ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က အောက်တိုဘာ ၂၈ ရက် တနင်္လာနေ့မှာ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)ကနေ သွင်းကုန်လုပ်ငန်းရှင်တွေကို တရုတ်ယွမ် ၅ သန်းနဲ့ ထိုင်းဘတ် ၂၅ သန်း ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါကြောင့် စက်သုံးဆီဈေးနှုန်းတွေ ဆက်လက်ကျဆင်းခဲ့တာမျိုးတော့ မရှိပါဘူး။
ဒီတစ်ပတ် စနေနေ့ အပိတ်ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၀၈၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၂၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၆၁၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၂၆၀ ကျပ်ဈေးဖြစ်ပါတယ်။
Source – Myanmar Market Price