BEGSC ဗဟိုကော်မတီဝင် ဆရာမဒေါ်သက်ဆုလှိုင်ကို စစ်ကောင်စီက ထောင် ၃ နှစ်ထပ်မံချ

Author ခေတ်နီ
Categories
Published on Oct 14, 2022

အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ BEGSC၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဆရာမဒေါ်သက်ဆုလှိုင်ကို စစ်ကောင်စီလက် အောက်ခံ တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်မျက်ကွယ်အမိန့်ဖြင့် ထပ်မံချခဲ့တယ်လို့ BEGSCက ထုတ်ပြန်ထားသည်။

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် BEGSC၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဆရာမဒေါ်သက်ဆုလှိုင်ကို တရားစွဲဆိုထားသော ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် (၅)နှစ်ကျခံရန် စစ်ကောင်စီလက်အောက်ကတရားရုံးမှ သြဂုတ် လ ၁၇ရက်နေ့တွင် မျက်ကွယ်အမိန့်ချခဲ့ပြီးဖြစ်ပြီး
ထိုအပြင့် ၎င်းကိုစွဲဆိုထားသော ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်ခံလိုက်တာပဲ ဖြစ်သည်။

ဆရာမဒေါ်သက်ဆုလှိုင်သည် ယမန်နှစ် ၂၀၂၁ အောက်တိုဘာ ၃၀ ည ၁၀ နာရီဝန်းကျင်တွင် မန္တလေးမြို့ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခံရတာဖြစ်ပြီး ချမ်းအေးသာစံမြို့နယ်တွင် ပုဒ်မ ၅၂(က) နှင့် အောင်မြေသာစံမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(က) တို့ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး ပုဒ်မ ၂ ခုလုံးအတွက် စုစုပေါင်းထောင်ဒဏ် ၈ နှစ်ထိ ချမှတ်ခံထားရတာပဲ ဖြစ်သည်။

ထို့အတူ BEGSCက ကိုနောင်ထက်အောင်နှင့် ကိုနိုင်းသီဟကျော်တို့ကိုလဲ စစ်ကောင်စီလက်အောက်ခံတရားရုံးတွေက သြဂုတ်လ အတွင်းမှာပဲ ထောင်ဒဏ် ၃နှစ်စီချမှတ်ခဲ့ပါသေးသည်။