ဒီကနေ့ အောက်တိုဘာ ၂၃ ရက်အတွက် မိုးလေဝသခန့်မှန်းချက်


ဒီနေ့ညနေပိုင်းမှာ မုန်တိုင်းငယ်အဆင့်ကနေ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိပါတော့မယ်။

ဒါ့အပြင်မုန်တိုင်းငယ်ဟာ ဆက်လက်အားကောင်းနေပြီး ဒီကနေ့ မနက် ၅ နာရီခွဲကနေ နောက် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ မနက်ဖြန် ၂၄ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ကို ရောက်ရှိမှာဖြစ်တယ်လို့ မိုးဇလရဲ့ ဒီကနေ့မနက်ထုတ်ပြန်ချက်အရ သိရပါတယ်။