သပိတ်ကျင်းမှာ မန်း PDF ပထမဆုံး စခန်းသိမ်းတိုက်ပွဲများဆင်နွှဲ

Author ကိုထားဝယ်
Categories
Published on Aug 10, 2024

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ပထမဆုံးစခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့တဲ့အကြောင်း အဲဒီတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဲဒီစခန်းတွေကတော့ ကွင်း(၃၀)ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်းနဲ့ ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ မန်း PDF ရဲ့ ယမန်နေ့ ဩဂုတ် ၉ ရက် ညပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ Mdy-PDF က ထပ်မံပြောဆိုထားပါတယ်။

 

ဒါပေမဲ့ ယခုစခန်းငါးခုသိမ်းတိုက်ပွဲထဲက နှစ်ဖက်အကျအဆုံးနဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ ထုတ်ပြန်ချက်အတွင်း မတွေ့ရပါဘူး။

 

ဒါပေမဲ့ မန်း PDF ရဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ပြန့်ကြဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်လို့ယူဆရတဲ့ အလောင်းတွေကို တွေ့မြင်ရပါတယ်။

(သေဆုံးစစ်သားအလောင်းများကို CJ Platform ရဲ့ တယ်လီဂရမ်ချန်နယ် >>> https://t.me/cjplatform မှာ ကြည့်ရှုနိုင်ပါတယ်။)

 

မန်း PDF ဟာ သပိတ်ကျင်းခရိုင်ထဲက စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်က သိမ်းပိုက်ထိန်းချုပ်ထားပြီး မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၃၅ ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

 

ဓာတ်ပုံ – Mdy-PDF

 

Related News

Depend on news