“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဇူလိုင်လ ၂၈ မှ ဩဂုတ်လ ၂ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Aug 04, 2024

“စက်သုံးဆီပြတ်လပ်မှုနဲ့အတူ တစ်လီတာကျပ် ၈၀၀၀ အထိမြင့်တက်”

 

ပြီးခဲ့တဲ့ဇူလိုင်လ နှောင်းပိုင်းကစလို့ နိုင်ငံတဝန်း စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

 

အဲဒီထဲ ရန်ကုန်နဲ့ မန္တလေးမှာ အဆိုးရွားဆုံးဖြစ်ပေါ်နေသလို စက်သုံးဆီဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။

 

စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာ ပြီးခဲ့တဲ့အပတ်ကထက် ရိုးရိုးဒီဇယ် တစ်လီတာကို ၈၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၁၅၀ ကျပ်၊ ဓာတ်ဆီ 92 တစ်လီတာကို ၁၄၀ ကျပ်နဲ့ 95 တစ်လီတာကို ၁၄၅ ကျပ်အထိ တက်တယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ ရန်ကုန်မြို့ ပြင်ပ ဈေးကွက်ထဲမှာတော့ အောက်တိန်း 92 တစ်လီတာ ကျပ် ၄၀၀၀ အထိမြင့်တက်ခဲ့သလို မန္တလေးမှာတော့ အောက်တိန်း 92 တစ်လီတာ ၈၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။

 

ရန်ကုန်နဲ့ မန္တလေးက စက်သုံးဆီဆိုင်ကြီးတွေရဲ့ အနီးတဝိုက် လမ်းမတွေထက် မိုင်နဲ့ချီတဲ့ မော်တော်ယာဉ်တန်းတွေကို တွေ့မြင်ခဲ့ရပါတယ်။

 

ဩဂုတ်လ ၃ ရက် စနေနေ့ စက်သုံးဆီဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၅၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၉၂၀ ကျပ်နဲ့ အောက်တိန်း 92 တစ်လီတာ ၂၇၇၀ ကျပ်၊  အောက်တိန်း 95 တစ်လီတာ ၂၈၉၅ ကျပ်ဈေးရှိပါတယ်။