KNUထိန်းချုပ်နယ်မြေရှိမြို့နယ်သုံးခုတွင် စစ်ဘေးရှောင်ပြည်သူ ၉၆၀၀၀ ကျော်ရှိလာ

Author CJ Platform
Categories
Published on Aug 15, 2022

မူတြော်ခရိုင် တပ်မဟာ ၅နယ်မြေရှိ လူသောမြို့နယ် ဒွယ်လိုးမြို့နယ်နှင့် ဘူသိုးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၉၆၁၈ဦးအထိရှိလာကြောင်း ယနေ့တွင်KNUကထုတ်ပြန်ထားသည်။


အကြမ်းဖက်စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF)တပ်များနှင့် KNLA တို့သည် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီမှကျေးရွာများ လုပ်ငန်းခွင်များသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်နေသည့်အတွက် လူသောမြို့နယ် ဒွယ်လိုးမြို့နယ်နှင့် ဘူသိုးမြို့နယ်အတွင်းစစ်ဘေးရှောင်ပြည်သူ ၉၆၁၈၀ဦးအထိရှိလာခြင်းဖြစ်သည်။


အသက်မွေးဝမ်းကြောင်းလုပ်ငန်းခွင်ကိုစွန့်ခွာထွက်ပြေးလာရသည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် အခြေခံရိက္ခာမလုံလောက်မှုများနှင့်ကြုံတွေ့နေရကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။