“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဇွန် ၁၆ မှ ၂၂ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jun 23, 2024

“ဈေးတက်နေဆဲ စက်သုံးဆီ”

 

အရင်အပတ်က ဈေးနှုန်းမြင့်တက်ခဲ့တဲ့ စက်သုံးဆီ‌ဈေးတွေဟာ ဒီတစ်ပတ်မှာလည်း အကုန်နီးပါး ဆက်လက်မြင့်တက်လာတာကို မြင်တွေ့ရမှာပါ။

 

တစ်ပတ်အတွင်း ရိုးရိုးဒီဇယ် တစ်လီတာကို ၁၁၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၁၄၅ ကျပ်မြင့်တက်ခဲ့သလို 92 အောက်တိန်းတစ်လီတာကို ၆၅ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၇၀ ကျပ်အထိမြင့်တက်ခဲ့တယ်လို့ အရင်ပတ်ဈေးနှုန်းတွေနဲ့နှိုင်းယှဉ်ချက်အရ သိရပါတယ်။

 

ဇွန်လ ၂၂ ရက်နေ့ စက်သုံးဆီဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၈၅၀ ကျပ်နဲ့ ဓာတ်ဆီအမျိုးအစားတွေအဖြစ် 92 အောက်တိန်းတစ်လီတာ ၂၅၈၀  ကျပ်၊ 95 အောက်တိန်းတစ်လီတာ ၂၇၁၅ ကျပ်ဈေးရှိခဲ့ပါတယ်။