လောင်းလုံးမှာ ပျိုးပင် ၂၀ဝ၀ ခန့် စိုက်ပျိုးပြီးစီး

Author မင်းထက်
Categories
Published on Jun 11, 2024

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ ယခုနှစ် မိုးရာသီ သစ်ပင်စိုက်ရေးလှုပ်ရှားမှုအဖြစ် မန်ဂျာရှားပျိုးပင် ၂၀ဝ၀ ခန့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တော်လှန်ရေးနဲ့အတူ ဂေဟစနစ်ကို ထိန်းသိမ်းဖို့အတွက်လည်း နှိုးဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ဆောင်ရွက်ရခြင်းပါ” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီလှုပ်ရှားမှုကနေ မန်ဂျာရှားပင် ၂၅၀၀ အထိ လောင်းလုံးမြို့ထဲ စိုက်ပျိုးမှာဖြစ်တယ်လို့ DDMSC က ဆိုပါတယ်။

 

ဓာတ်ပုံ – DDMSC