KECD စာသင်ကျောင်းတွေရဲ့ ပညာရေး အာမခံချက်က ဘာလဲ ? KECD ကျောင်းတွေမှာ ဘာတွေ လိုအပ်နေသလဲ ?

Published on Jun 09, 2024

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာန KECDရဲ့ ဦးဆောင်မှုနဲ့ KNU ထိန်းချုပ်နယ်မြေမှာ မြေပြင် စာသင်ကျောင်းများစွာကို ဖွင့်လှစ်ထားရှိပါတယ်။

 

အဲဒီကျောင်းတွေမှာ ဒေသခံ ကရင်တိုင်းရင်းသား ကလေးငယ်တွေသာမက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း ရွေ့ပြောင်းခိုလှုံ့နေရသူတွေရဲ့ ကလေးငယ်တွေလည်း တက်ရောက် ပညာသင်ကြားနေပါတယ်။

 

KECD စာကျောင်းတွေရဲ့ ပညာရေး အာမခံချက်က ဘာတွေရှိလဲ? အဲဒီကျောင်းတွေမှာ ဘာတွေ လိုအပ်နေသလဲ? ဒီတစ်ပတ်ရဲ့ Way To Education အစီအစဉ်လေးမှာ KECD လက်အောက်ခံ ကိုယ်ထူကိုယ်ထ အလယ်တန်းအဆင့် ကျောင်းတစ်ကျောင်းကို ဦးဆောင်နေသူ CDM ကျောင်းဆရာတစ်ဦးဖြစ်သူ ဆရာရွှေဘရဲ့ ပြောကြားချက်တွေကို ကြည့်ရှုနိုင်ပါတယ်။

 

ဒီအစီအစဉ်လေးဟာ ကိုယ့်သားသမီး ပညာရေးအတွက် ရတတ်မအေးဖြစ်နေတဲ့ မိဘတွေ။ ပဋိပက္ခကာလကြားမှာ ကိုယ့်သားသမီးကို ပညာရေး မသွေဖည်သွားစေချင်တဲ့ မိဘတွေအတွက် ရည်ရွယ်ပါတယ်။

 

ကလေးငယ်တွေရဲ့ ပညာရေးအတွက် မိဘတွေမှာ စိုးရိမ်ပူပန်မှုတွေ များစွာရှိနေပါလိမ့်မယ်။ CJ Platform ရဲ့ “Way To Education” အစီအစဉ်လေးမှာ လာရောက် ရင်ဖွင့်မေးမြန်းနိုင်ပါတယ်။

 

ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်တို့ရဲ့စိတ်ထဲမှာ ကြားကာလပညာရေးနဲ့ပတ်သက်ပြီး စိတ်ထဲ ဘာတွေမတင်မကျဖြစ်နေပါသလဲ? ဘာတွေ သိချင်နေပါသလဲ? ကြားကာလပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေသူတွေကို ဘာတွေများ မေးမြန်းချင်နေပါသလဲ?

 

ကျွန်တော်/ကျွန်မတို့ CJ Platform သတင်းဌာနရဲ့ Facebook Page Messenger ကနေပဲဖြစ်ဖြစ်၊ အခု Post လေးမှာ Comment လေးရေးသားလို့ဖြစ်စေ မေးခွန်းလေးတွေ ချန်ထားခဲ့လို့ ရပါတယ်။

 

မေးမြန်းမှုတွေကို အပတ်စဉ် စနေနေ့ ည ၉ နာရီမှာ CJ Platform ရဲ့ YouTube ၊ တနင်္ဂနွေနေ့ ည ၉ နာရီမှာ CJ Platform ရဲ့ Facebook Page တို့မှာ ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

 

YouTube တွင် ကြည့်ရှုရန် >>>  https://youtu.be/iUJJqBGVGus

 

#CJPlatform #WayToEducation