ယခုနှစ်အတွင်း CDM ဝန်ထမ်း ၂၄၀၀ ကျော်အတွက် ကျပ်သိန်း ၁၅၀၀ ကျော်ပံ့ပိုးခဲ့ဟု CRPHဆို

Author လင်းခိုင်
Categories
Published on Oct 01, 2022

ယခုနှစ်အတွင်း CDM ဝန်ထမ်း ၂၄၀၀ ကျော်အတွက် ကျပ်သိန်း ၁၅၀၀ ကျော်ပံ့ပိုးခဲ့ကြောင်း CRPH က ယနေ့ထုတ်ပြန်ထား သည်။

CRPH၏ ပြည်သူ့ရေးရာကော်မတီ အနေဖြင့် CDM သူရဲကောင်း ပြည်သူ့ဝန်ထမ်းများကို ကူညီထောက်ပံ့ပေးနိုင်ရန် အရေးပေါ်ကူညီထောက်ပံ့မှုများဆောင်ရွက်နေကြောင်း၊ ကော်မတီအနေဖြင့် အလှူရှင်များ၊ Ahiu Shin Applicationနှင့် Spring Legends Youtube Channelတို့၏ ကြော်ငြာများမှ ရရှိသည့် ဝင်ငွေများဖြင့် အမှန်တကယ်လိုအပ်သည့် CDM များ၏ အရေးပေါ်ကိစ္စရပ်များကို ကူညီပေးနေသည်ဟု ထုတ်ပြန်ထားသည်။

ကော်မတီ၏ အရေးပေါ်ကူညီပံ့ပိုးမှုများတွင် ကျန်းမာရေးနှင့် မီးဖွားစရိတ်အတွက် ၁သိန်းကျပ်၊ စားဝတ်နေရေးအခက်အခဲအတွက် ၅သောင်းကျပ် စသည့်ခေါင်းစဥ်သုံးမျိုးဖြင့်ကူညီပေးနေပြီး ကွယ်လွန်၊ ဖမ်းဆီးခံနှင့် နေအိမ်ရွှေ့ပြောင်းနှင့် အခြားအရေးပေါ် ကိစ္စရပ်များအတွက်လည်း ကူညီပေးနေကြောင် CRPHက ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ်အတွင်း ပြည်သူ့ရေးရာကော်မတီ အနေဖြင့် CDM ဝန်ထမ်း ၂၄၀၀ ကျော်အတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၁၅၀၀ ကျော်ကို ကူညီ ပံ့ပိုးနိုင်ခဲ့ကြောင်း CRPH ကဆိုထားသည်။

သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံခြင်း၊ Ahiu Shin Facebook Pageမှ ဆက်သွယ်တင်ပြသည်ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ Focal Persons များက ပြန်လည်စိစစ်အတည်ပြုသည့် နည်းလမ်းဖြင့် CDMများကို ထောက်ပံ့နေသည်ဟု ဖော်ပြထားသည်။