ကိုယ့်သရဖူ ကိုယ်ပြန်စွတ်ရသည့် မြန်မာပြည်မှ မယ်စကြာဝဋ္ဌာရွေးပွဲ

Author မောင်ဒဂုံ
Categories
Published on Oct 01, 2022

မယ်စကြာဝဠာ မြန်မာ ၂၀၂၁ခုနှစ် ဆုရှင် အလှမယ် သူဇာဝင့်လွင် နိုင်ငံပြန်လာခွင့် မရှိသဖြင့် ယနေ့ ပြီးစီးခဲ့သည့် မယ်စကြာဝဠာမြန်မာ ၂၀၂၂ခုနှစ်ပြိုင်ပွဲဆုရှင် အလှမယ် ဇာလီမိုးသည် ကိုယ့်သရဖူကိုယ် ပြန်၍ စွတ်ခဲ့ရသည်။

စစ်ကောင်စီ လက်အောက် မွန်းကျပ်မှု ဖိနှိပ်မှုများ အကြား ယနေ့ ၌ မယ်စကြာဝဠာ မြန်မာ ၂၀၂၂ ပြိုင်ပွဲကို နိုဗိုတယ် ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ဗန်းမော်မြို့သူ အလှမယ် ဇာလီမိုးကို Winner အဖြစ်ရွေးချယ်ခဲ့သည်။

” အထူးအဆန်းပေါ့။ live ကြီး လွှင့်နေတော့ ဒါက ဘာလဲ ၂၀၂၁ လားပေါ့ သေချာပြန်ကြည့်ရတယ်။ ပြီးမှ ၂၀၂၂ ပါရှင့် ဆိုလို့ ၂၀၂၂ပါ Miss Universe Myanmar ရွေးနေတာဟ” ဟု အဆိုပါ ပြိုင်ပွဲနှင့် ပတ်သတ်ပြီး ပရိသတ်တစ်ဦးက မှတ်ချက်ပြုသည်။

ယနေ့ပြိုင်ပွဲတွင် ဆုရခဲ့သူ အလှမယ်လေးသည် သူမကို သရဖူ လွှဲအပ်ရန် ယခင်ပြိုင်ပွဲ၏ သရဖူပိုင်ရှင် အလှမယ် သူဇာဝင့်လွင်မှာ စစ်ကောင်စီ ရန်ကြောင့် နိုင်ငံ ပြန်လာရန် အခက်အခဲရှိနေသဖြင့် မလာနိုင်ခဲ့ပေ။

အလှမယ်လေး သူဇာဝင့်လွင်မှာ ၂၀၂၁ခုနှစ် က ဟောလိဝုဒ် ၌ ပြုလုပ်သည့် မယ်စကြာဝဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ဆုတောင်းပေးပါ ဟူ၍ စာတန်းကိုင်ဆွဲပြီး အဖိနှိပ်ခံ ပြည်သူများအတွက် ကမ္ဘာကြီးကို တောင်းဆို ပေးခဲ့သူလည်း ဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲတွင် ဆုရခဲ့သူ အလှမယ် ဇာလီမိုးသည် သူမရရှိမည့် သရဖူကို သူမ ကိုယ်တိုင်ပင် ဆွတ်ခဲ့ရပြီး မယ်စကြာဝဠာ ပြိုင်ပွဲကြီးဆီသို့ မြန်မာကိုယ်စားပြု အဖြစ် သွားရောက်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

” Candy လေး(သူဇာဝင့်လွင်) လို မျိုး မြန်မာပြည်သူတွေကို ကိုယ်စားပြုနိုင်ပါစေလို့ ဆုတောင်းသလို။ မျှော်လင့်ပါတယ်”ဟု ပရိသတ်တစ်ဦးက မှတ်ချက်ပေးသည်။