Bo Tiger အမှုနှင့်ပတ်သက်ပြီး အရေးယူရသည့် ကိစ္စ ဝက်လက် ပ.က.ဖ ထုတ်ပြန်

Author မွန်လေး
Categories
Published on Oct 01, 2022

Bo Tiger အမှုနှင့် ပတ်သက်ပြီး အရေးယူရသည့် ကိစ္စအား ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။

Bo Tiger အားဖမ်းဆီးစဥ် ၎င်းအနီးရှိ လူ ၁၂ဦးကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ မသက်ဆိုင်သူ ရှစ်ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး အမှုနှင့်မသက်ဆိုင်သူ လေးဦးအား ဆက်လက်ထိန်းသိမ်းထားသည်ဟု ထုတ်ပြန်ထားသည်။

ဖမ်းဆီးစဥ်က ဆိုင်ကယ် ခြောက်စီး၊ ငွေ ၇၂၅၅၀၀ကျပ်နှင့် ဖုန်း ၉လုံးကိုသိမ်းဆည်းခဲ့ပြီး အားလုံးပြန်ပေးခဲ့ပြီး ဖြစ်ကြောင်း ဆိုထားသည်။

ထို့ပြင် Bo Tiger ၏ ညာလက်ရုံးဖြစ်သော လောက်ကြီးသည် ဖမ်းဆီးစဥ် လက်နက်ငယ်ထိမှန်ခဲ့ကာ ဒဏ်ရာပြင်းထန်သဖြင့် အချိန်အတန်ကြာ ကုသခဲ့ရပြီး ပိုမိုပြည့်စုံသည့် ကုသမှုပေးရန် အပြင်ဆေးရုံသို့ ပိုနိုင်ရေး ၎င်းလုံခြုံရေးအတွက် စိုးရိမ်စရာရှိသောကြောင့် ချင့်ချိန်နေရသည်ဟု ထုတ်ပြန်ထားသည်။

ယခုအမှုအား သိုသိုသိပ်သိပ်လျော့ပေါ့အရေးယူရန် စီစဥ်ခဲ့သော်လည်း မဟုတ်မမှန်သတင်းဖွနေသည့်အတွက် ပြည်သူသို့ တင်ပြရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် Bo tiger ဘက်မှ စွပ်စွဲထားသည့် CDM ကိုယ်ဝန်ဆောင်ဆရာမဆိုသည်မှာမဟုတ်ဘဲ ဖမ်းဆီးခံရပြီး ခုနှစ်ရက်မြောက်နေ့မှသာ စဥ့်ကူးမြို့နယ် ပအဖ နှင့်ချိတ်ဆက်ကာ CDMပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Bo-Tiger အဖွဲ့သည် ပြည်သူများထံမှ ခြိမ်ခြောက်ငွေတောင်းခြင်းများ၊ လက်ပြခြိမ်းခြောက်ခြင်းများကြောင့်အရေးယူရသည်ဟု ထုတ်ပြန်ထားပြီး၊ Bo tigerအားဖမ်းဆီးစဥ် Bo Tigerအဖွဲ့က ရဲဘော်နှစ်ဦးသေဆုံးခဲ့သည့်ကိစ္စကိုထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

ယခုနှစ်သြဂုတ် ၃၀ရက်တွင် ဝက်လက် ပ.က.ဖ အဖွဲ့က Bo Tigerအဖွဲ့အားအရေးယူရန် ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး Bo Tiger အဖွဲ့မှ ရဲဘော်နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စကို Bo Tigerက NUGသို့တိုင်ကြားထားပြီး NUGအစိုးရက အပြီးသတ်အမိန့်ချပြီးမှသာ သေဆုံးခဲ့သည့် ရဲဘော်နှစ်ဦးကို အမိန့်ပြန်စျာပနပြုလုပ် အမျှပေးဝေမည်ဟုBo Tiger က စက်တင်ဘာ ၁၄ရက်တွင်ထုတ်ပြန်ထားသည်။

Related News

Depend on news