စစ်တွေ၊ ကျောက်ဖြူက ပြည်သူတွေ တိုက်ပွဲတွေမစခင် အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြောင်းရွေ့ဖို့ တိုက်တွန်း

Author လဂွန်းအိမ်
Categories
Published on May 20, 2024

ရခိုင်ပြည် စစ်တွေနဲ့ကျောက်ဖြူ မြို့ကြီးတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ တိုက်ပွဲမဖြစ်ခင် အာရက္ခတပ်တော် AA ထိမ်းချုပ်ရာ လွတ်မြောက်နယ်မြေတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့နဲ့ အကူအညီလိုအပ်နေသူတွေကိုလည်း ကြိုးစား ကယ်ထုတ်ပေးနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဘူးသီးတောင်နှင့် မောင်းတောမြို့များကိုလည်း တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုတင်အသိပေးပြီး ကယ်ထုတ်ကူညီတာတွေ လုပ်ဆောင်ပေးခဲ့တဲ့အပြင် အခုချိန်ထိလည်း ကူညီကယ်ထုတ်နေတယ်လို့ ဆိုပါတယ်။

 

ဘူးသီးတောင် မောင်းတော သံတွဲ ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လုံခြုံရေးအတွက် ဘေးလွတ်ရာကို ပြောင်းရွှေ့ထားဖို့ စစ်ပွဲဇုန်ကြားပိတ်မိပါက ULA/AA ကို အချိန်မရွေး ဆက်သွယ် အကူအညီတောင်းခံဖို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

 

ဓာတ်ပုံ -AA Info Desk