Data Journalism Training – Basic Course Concepts of Data Journalism သင်တန်းလျှောက်လွှာ ပိတ်ပါပြီ

Author CJ Platform
Categories
Published on May 17, 2024

Data Journalism Training – Basic Course Concepts of Data Journalism သင်တန်းလျှောက်လွှာ ပိတ်ပါပြီ

 

Insight Research Corner နှင့် CJ Platform တို့ပူးပေါင်းစီစဉ်သည့် Data Journalism Training – Basic Course Concepts of Data Journalism သင်တန်းအား တက်ရောက်လိုသဖြင့် လာရောက်မေးမြန်းကြသူများအား သင်တန်းစီစဉ်သူများမှ တစ်ဦးချင်းစီ အကြောင်းပြန်ကြားနိုင်ခြင်း မရှိသည့်အပေါ် အနူးအညွတ် တောင်းပန်အပ်ပါသည်။ သင်တန်းလျှောက်လွှာများ စတင်လက်ခံခဲ့သည့် မေ ၃ ရက်နေ့မှ နောက်ဆုံးရက်ဖြစ်သည့် မေ ၁၃ ရက်နေ့အထိ သင်တန်းတက်ရောက်ရန် လျှောက်ထားသူများမှာ (၁၀၈) ဦးထိ ရှိခဲ့ပါသည်။ ၎င်းတို့အနက် သင်တန်းသားဦးရေ (၃၅) ဦးကိုသာ ရွေးချယ်ရသည်မှာ သင်တန်းစီစဉ်သူများအနေဖြင့် အခက်အခဲများစွာ ရှိခဲ့ပါသည်။

 

သင်တန်းစီစဉ်သူများအနေဖြင့် အချက်အလက်ပြည့်စုံစွာ ရေးသားထားသည့် လျှောက်လွှာများကို စိစစ်ကာ

၁။ တိုင်းရင်းသား သတင်းဌာနများ

၂။ မိမိတို့ CJ Platform သတင်းဌာနနည်းတူ ကြိုးစားရုန်းကန်ကာ သတင်းများတင်ဆက်နေသည့် သတင်းဌာနငယ်များမှ အယ်ဒီတာများနှင့် သတင်းထောက်များ

၃။ ထောက်ခံပေးသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ခိုင်မာစွာ ဖော်ပြထားသူများ

၄။ သင်တန်းတက်ရောက်လိုသည့် ရည်ရွယ်ချက် ကောင်းမွန်သူများ

အထက်ပါ အချက် ၄ ချက်ဖြင့် ဦးစားပေးရွေးချယ်ကာ လျှောက်ထားသူများအနက် သတင်းဌာနတစ်ခုလျှင် နှစ်ဦးထိ အများဆုံး သတ်မှတ်ကာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

 

ရွေးချယ်ထားသည့် သင်တန်းလျှောက်ထားသူများအား Email များမှတဆင့် ပြန်လည် ဆက်သွယ်ပြီး ဖြစ်သလို၊ သတ်မှတ်ထားသည့် သင်တန်းသားဦးရေးထက် ပိုမိုများပြားစွာ ကျော်လွန်ခဲ့မှုကြောင့် ယခု သင်တန်းတွင် တက်ရောက်ခွင့် မရရှိခဲ့သည့် လျှောက်ထားသူများကိုလည်း Email များမှ တဆင့် ပြန်လည် အကြောင်းပြန်ကြားကာ နောင်သင်တန်းများတွင် ဦးစားပေးရွေးချယ်ခြင်း၊ ထပ်မံဖွင့်လှစ်မည့် သင်တန်းများအား အကြောင်းကြားစာများ ပေးပို့ခြင်းအား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း သင်တန်းလျှောက်ထားသူ ဆရာ၊ဆရာမများအား အသိပေးအပ်ပါသည်။

 

လေးစားစွာဖြင့်

 

Insight Research Corner & CJ Platform

****************************************

 

Data Journalism Training – Basic Course Concepts of Data Journalism Notification

 

Regarding the Data Journalism Training – Basic Course Concepts of Data Journalism, organized jointly by Insight Research Corner and CJ Platform, we sincerely apologize for not being able to respond to each inquiry individually. Between May 3rd and the final date of May 13th, we received applications from 108 applicants wishing to attend the training. Among them, the organizers faced significant challenges in selecting only 35 participants.

 

The organizers reviewed the applications thoroughly and prioritized:

  1. Ethnic news organizations
  2. Editors and reporters from small news organizations who are consistently striving and struggling to present accurate news, similar to our CJ Platform

    3. Applicants who clearly highlighted supporting organizations or individuals (References)

  3. Those with good intentions for attending the training

 

Based on the above four criteria, we selected a maximum of two participants per news organization.

 

The selected applicants have been contacted via email, and due to the overwhelming number of applications exceeding the designated number of trainees, those who were not selected for this training will also be notified via email. They will be given priority in future training, and notifications about upcoming training courses will be sent to them.

 

Best Regards,

Insight Research Corner & CJ Platform