သော်ကရဲ့ အရိုင်း (သို့) ရောင်နီမင်း


ကာတွန်းဆရာ သော်ကသည် မြန်မာ့ကာတွန်းလောကကို တစ်ခေတ်ဆန်းစေခဲ့သူဖြစ်သည်။ ဆရာသော်က၏ ကာတွန်း ဇာတ်ကောင်များအနက် အရိုင်းဇာတ်ကောင်သည် အထင်ရှားဆုံးဖြစ်ခဲ့သည်။

 

ဆရာသော်က၏ ဇာတ်ကောင် အရိုင်းသည် ရိုးသားသည် ဖြူစင်သည်။ ယုံကြည်ချက်အတိုင်း မယိုင်မလဲ ပြုကျင့်သည်။ တိရစ္ဆာန်ငယ်လေးများကို ချစ်မြတ်နိုးသည်။ မတရားမှုကို လက်မခံ မိမိနိုင်ငံကို ချစ်မြတ်နိုးသည်။

 

“အမေ’ ရုပ်ပြစာအုပ်သည် ဆရာ၏ အောင်မြင်ဆုံးဖြစ်သည့် ကာတွန်းတစ်အုပ်ဖြစ်ခဲ့ပြီး နိုင်ငံခြားဘာသာများပါ ပြန်ဆို ထုတ်ဝေခဲ့ရသည်။

 

ဆရာသော်ကကို ၁၉၃၉ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးတင့်လွင်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ဇာတိဖြစ်ပြီး ၂၀၀၅ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

 

ဆရာသော်ကတွင် သားသမီး လေးဦး ကျန်ရှိခဲ့သော်လည်း ဆရာ၏ အနုပညာအမွေကို ဆက်ခံခဲ့ရသူမှာ သားငယ် ရောင်နီဦးဖြစ်သည်။ ဦးရောင်နီဦးသည် မြန်မာ့နွေဦးအချိန်ကာလတွင် ပန်းချီရောင်နီမင်းဟု အများသိကြသည့် ပန်းချီဆရာတစ်ဦးဖြစ်နေခဲ့ပြီဖြစ်သည်။

 

သူသည် ဖခင်ဖြစ်သူ ဆရာသော်က၏ သက်ရှိ ကျန်ရှိနေခဲ့သည့် ကာတွန်းဇာတ်ကောင် အရိုင်းပေလော။

 

မြန်မာ့နွေဦးကာလတွင် ပန်းချီဆရာ ရောင်နီမင်းသည် ဖခင်ဖြစ်သူကို စိတ်မပျက်စေခဲ့သူ သားငယ်တစ်ဦးဖြစ်ခဲ့သလို သော်ကရဲ့ အရိုင်းပီသစွာ ရှင်သန်ခဲ့သည်။

 

****************************************

 

English Below

 

Thawka’s “Ayaing” (or) Yaungni Min

 

CJ Platform

 

Cartoonist Thawka brought a modern revolution to the Myanmar cartoon world. Among the characters created by Thawka, the character “Ayaing” was the most notable.

 

Thawka’s character “Ayaing” is honest and pure. He acts unwaveringly according to his beliefs, loves and cares for little animals, does not tolerate injustice, and loves his motherland.

 

The comic book “Mother” was Thawka’s most successful work and was translated into and published in foreign languages as well.

 

Thawka was born on December 16, 1939, with the given name U Tint Lwin. He was born in Myaungmya, Ayeyarwady Region, and passed away on November 19, 2005.

 

Although Thawka had four children, the one who inherited his artistic legacy is his youngest son, Yaung Ni Oo. Yaung Ni Oo was known as an artist like his father. During the Myanmar Spring Revolution, he was widely recognized as the painter “Yaungni Min.”

 

He continues to bring to life the living legacy of his father’s character, Ayaing. During the Myanmar Spring Revolution, the painter Yaungni Min did not disappoint his father and lived up to the character of Thawka’s Ayaing.

 

YouTube တွင် ကြည့်ရှုရန် >>>  https://youtu.be/qk5rPkYBz4A