ပြည်သူ့ပညာရေးကျောင်းတွေ ဘာလို့ ပေါ်ပေါက်လာတာလဲ

Published on May 05, 2024

ဖက်ဒရယ်ပညာရေး အတွက် ရည်ရွယ်ပြီး CJ Platform ကနေ အပတ်စဉ် တင်ဆက်သွားမယ့် “Way To Education” အစီအစဉ်လေးကို စတင်မိတ်ဆက်လိုက်ပါတယ်။
ကလေးငယ်တွေ ပညာရေးအတွက် ရတတ်မအေးတဲ့ မိဘတွေ။ ပဋိပက္ခကာလကြားမှာ ကိုယ့်သားသမီးကို ပညာရေး မသွေဖီသွားစေချင်တဲ့ မိဘတွေအတွက်ကို ရည်ရွယ်ပါတယ်။
ကလေးငယ်တွေရဲ့ ပညာရေးအတွက် မိဘတွေမှာ ပူပန်မှုတွေ များစွာရှိနေပါလိမ့်မယ်။ ကိုယ့်စိတ်ထဲမှာ ကြားကာလပညာရေးအတွက် ဘာတွေ သိချင်နေသလဲ? ဘာတွေများ ကြားကာလပညာရေးကို အကောင်ထည်ဖော် ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေကို မေးချင်နေသလဲ? CJ Platform ရဲ့ Facebook Page Messenger ကနေတဆင့်ဖြစ်ဖြစ်၊ အခု Post လေးမှာ Comment လေးရေးသားပြီးဖြစ်ဖြစ် မေးခွန်းလေးတွေ ချန်ထားခဲ့လို့ ရပါတယ်။
မေးခွန်းလေးတွေကို စုစည်းပြီး ကြားကာလပညာရေးအတွက် ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို CJ Platform ကနေ ဆက်သွယ်မေးမြန်းပြီး ပြန်လည် တင်ပြသွားပေးပါမယ်။
ဒီတစ်ပတ်မှာတော့ “ပြည်သူ့ပညာရေးကျောင်းတွေ ဘာလို့ ပေါ်ပေါက်လာသလဲ” ဆိုတာလေးကို ကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/watch?v=3t54kFn_NJ4
“Way To Education”