“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဧပြီ ၂၈ ရက်မှ မေ ၄ ရက်အထိ)

Author လင်းနွေဦး
Categories
Published on May 05, 2024

“ဈေးတွေ ထပ်ကျတဲ့စက်သုံးဆီ”

 

ပြီးခဲ့တဲ့ အပတ်က တက်ခဲ့ခြင်းမရှိတဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာလည်း ပြန်တက်လာခဲ့ခြင်းမရှိခဲ့ဘဲ ဈေးတွေ ထပ်ကျခဲ့ပါတယ်။

 

ဒီဇယ်အမျိုးအစားတွေဖြစ်တဲ့ ရိုးရိုးဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ် တို့ဟာ တူညီစွာ ဈေးကျခဲ့ပြီး ဓာတ်ဆီအမျိုးအစားတွေ အနက် 95 အောက်တိန်းတစ်လီတာ ဟာ 92 အောက်တိန်း တစ်လီတာထက် ဈေးပိုကျခဲ့တာပါ။

 

ရိုးရိုးဒီဇယ် တစ်လီတာ နဲ့ အဆင့်မြင့်ဒီဇယ် တစ်လီတာ ကို ၂၄၁၀ ကျပ်နှင့် ၂၄၆၀ ကျပ်တို့မှ ၁၀ ကျပ်စီ တူညီစွာ ဈေးကျခဲ့ပြီး ဓာတ်ဆီ အမျိုးအစားများအဖြစ် 92 အောက်တိန်း တစ်လီတာ ကလည်း ၂၈၄၅ ကျပ်မှ ၁၀ ကျပ်နဲ့ 95 အောက်တိန်း တစ်လီတာကတော့ ၂၉၆၀ ကျပ် မှ ၁၅ ကျပ်နှုန်း ဈေးပြန်ကျခဲ့ပါတယ်။

 

မေလ ပထမအပတ် ရဲ့ စက်သုံးဆီ အပိတ်ဈေးနှုန်းတွေကတော့ ဒီဇယ် အမျိုးအစားများအဖြစ် ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၄၅၀ ကျပ်၊ ဓာတ်ဆီ အမျိုးအစားများအဖြစ် 92 အောက်တိန်း တစ်လီတာ ၂၈၃၅ ကျပ် နဲ့ 95 အောက်တိန်း တစ်လီတာ ၂၉၄၅ ကျပ်ဈေးရှိခဲ့ပါတယ်။