လှည်းတန်းခုံးကျော်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ အမျိုးသားတစ်ဦး သေဆုံး

Author ကိုထားဝယ်
Categories
Published on Apr 08, 2024

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမ၊ လှည်းတန်းခုံးကျော်တံတားပေါ်တွင် ယနေ့ ဧပြီလ ၈ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

Pick-up အမျိုးအစားယာဉ်နှင့် SUV အမျိုးအစားယာဉ်တို့ တိုက်မိမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍ CJ Platform အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

 

ယနေ့နံနက် ၉ နာရီခန့်ကလည်း ရန်ကုန်မြို့၊ သံသုမာလမ်းပေါ်တွင် Toyota Wish အမျိုးအစား အိမ်စီးကားနှင့် YBS အမှတ် ၁၃၉ တို့ တိုက်မိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – Accident News in Myanmar