ငြိမ်းစံကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

Author CJ-001
Categories
Published on Aug 10, 2019

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မြောက်ဘက်ခြမ်းရှိ ငြိမ်းစံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရာတော်သတင်းမှန်မှ ဖော်ပြထားသည်။

ယနေ့ ဩဂုတ်လ ၁၉ရက်နေ့ မနက်ပိုင်းတွင် အင်အား ၁၀၀ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ရဲချင်းကျေးရွာမှ ငြိမ်းစံကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ငြိမ်းစံကျေးရွာရှိ နေအိမ် ၂၈လုံးနှင့် ရဲချင်းကျေးရွာနှင့် ငြိမ်းစံကျေးရွာရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

မီးရှို့ အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ခုခွဲကာ အရာတော်မြောက်နယ်အတွင်း စစ်ကြောင်းထိုးနေပြီး ငြိမ်းစံ၊ ဘောင်းကျ၊ ရဲချင်း၊ မကျီးကန်၊ ထန်းတောကုန်းကျေးရွာများမှ ဒေသခံပြည်သူများ ရာနှင့်ချီကာ ထွက်ပြေးတိမ်းရှောင်နေရသည်။

[photoblocks id=4]