ရာသီအကူးပြောင်းကာလ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

Published on Mar 05, 2024

မြန်မာတစ်နိုင်ငံလုံးတွင် လာမည့်ရက်သတ္တပတ်အတွင်း ဆောင်းလက်ကျန် အအေးဓာတ်ကုန်ဆုံးပြီး နွေဦးကာလသို့ ရောက်ရှိလာတော့မည်ဖြစ်ကာ ရာသီအကူးအပြောင်းကာလ အချိန်ခါမဟုတ်မိုးရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယခုအပတ်( မတ် ၄ ရက်မှ ၁၀ ရက်)အတွင်း မြောက်လေအေးနှင့် တောင်လေနွေး အားပြိုင်မှု စတင်လာသဖြင့် တစ်ပြည်လုံး ညအခါပြန်လည်နွေးလာနိုင်ကြောင်း၊ ဆောင်းလက်ကျန်အဖြစ် နံနက်ပိုင်းတွင် မြူထူများလည်း ကျဆင်းနိုင်ကြောင်း ထုတ်ပြန်သည်။

 

ယခုတစ်ပတ်အတွင်း ထူးခြားချက်အနေဖြင့် တစ်ပြည်လုံးတွင် ဆောင်းအအေးဓာတ် တဖြည်းဖြည်းလျော့ကျလာနိုင်ပြီး ရာသီအကူးအပြောင်းကာလ မြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းဒေသများ၌ မွန်းလွဲနှင့် ညနေပိုင်းများတွင် မိုးတိမ်တောင်ငယ်များ စတင်ဖြစ်ပွားက အချိန်ခါမဟုတ် မိုးအနည်းငယ်မှ အသင့်အတင့် ရွာနိုင်ခြေရှိကြောင်း ဖော်ပြထားသည်။