စစ်မှုမထမ်းမနေရ ဥပဒေအား ထုတ်ပြန်ပြီးနောက် ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီက ပေါ်တာဆွဲဖို့ ပြင်ဆင်နေဟုဆို

Author မင်းထက်
Categories
Published on Feb 12, 2024

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်တွင်  စစ်ကောင်စီတပ်သားနှင့် ပျူ(ပြည်သူ့စစ်)များက ဒေသတွင်း ပေါ်တာဆွဲ အင်အားစုဆောင်းခြင်းများ ရှိနေကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ငါန်းဇွန် ပကဖ ) ဘဏ္ဏာရှာဖွေရေးတာဝန်ခံ ကိုဟရု က CJ Platformသို့ပြောသည်။

 

“လတ်တလောဖြစ်စဥ် ခေါင်းဘိုရွာနဲ့ အနီးတ၀ိုက်ရယ်  ငါန်းဇွန်မြို့နယ် တွေမှာ စကစက ပေါ်တာဆွဲဖို့ ပြင်ဆင်နေတယ်။ နောက်ဆက်တွဲ စစ်ရေးတင်းမာမှုတွေလဲ ရှိလာနိုင်တာကြောင့်  မိဘပြည်သူများကို အထူးမေတ္တာရပ်ခံ တောင်းဆိုပါတယ်ဗျ” ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ငါန်းဇွန် ပကဖ ) ဘဏ္ဏာရှာဖွေရေးတာဝန်ခံ ကိုဟရု က ပြောသည်။

 

ထို့အပြင် စစ်ရေးရှုံးနိမ့်မှုကြောင့် အင်အားယုတ်လျော့လာသော စစ်ကောင်စီက အင်အားဖြည့်တင်းရေးအတွက်  အင်အားစုဆောင်းလျက်ရှိသော ခေါင်ဘိုကျေးရွာရှိ စစ်သားနှင့်ပျူများကို အလင်း၀င်ရန် စာများကြဲချ သတိပေးခဲ့ကြောင်း နှင့် တိုက်ခိုက်ခဲ့ကြောင်း  CDSOM – မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

“သင်တန်းဆင်းတာက ၈ ရက်နေ့ မစ်ရှင်လုပ်တာက သင်တန်းဆင်းပီး ရွာစဥ်စစ်ကြောင်းလျှောက်တဲ့ ၉ ရက်နေ့မှာ လုပ်ခဲ့တာဗျ” ဟု အထက်ပါ၀န်ရှိသူကပြောသည်။

 

ငါးဇွန်မြို့နယ် ၊ မြင်းခြံခရိုင်၊ ခေါင်းဘိုရွာတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် ပျူ(ပြည်သူ့စစ်) သင်တန်းပေးရာ နေရာကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ” မင်းမိသားစုအတွက် အသက်ရှင်သင့်တယ်၊ ဒါကြောင့် ပြည်သူ့ရင်ခွင် ခိုလှုံပါ” ဟု စာသားပါရှိသည့် စာရွက်များကို ဒရုန်းဖြင့် ကြဲချခဲ့ကြောင်း ၊ Shar Htoo Waw နည်းပညာ ဒရုန်းများဖြင့် ဗုံးသီးခုနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့​ရာ စစ်ကောင်စီတပ်သား နှစ်ဦး နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုများကို PDF မဟာတပ်ဖွဲ့ဝင်များဖြစ်သော CDSOM 001 Drone Team ၊ CDSOM ငါန်းဇွန် (တပ်ခွဲ) ၊ ဒေါင်းညီနောင် ​ပျောက်ကြားတပ်ဖွဲ့လ၊ ငါန်းဇွန် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ –  CDSOM