မြန်မာ-အိန္ဒိယနယ်စပ်က မြန်မာစစ်ဘေးရှောင် ကျောင်းသား/သူ ၁၀၀ ကျော်အတွက် ကျန်းမာရေးစစ်ဆေးမူတွေ ပြုလုပ်ပေး

Author ဆလိုင်း
Categories
Published on Jul 09, 2024

မြန်မာ-အိန္ဒိယနယ်စပ်က မြန်မာစစ်ဘေးရှောင် ကျောင်းသား/သူ ၁၀၀ ကျော်အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့ တစ်ခုက ကျန်းမာရေးစစ်ဆေးမူတွေ ပြုလုပ်ပေးတယ်လို့ ကျောင်းတာဝန်ရှိသူထံက သိရှိရပါတယ်။

 

မြန်မာစစ်ဘေးရှောင် ကျောင်းသား/သူတွေ ပညာသင်ကြားတဲ့ မြန်မာ-အိန္ဒိယနယ်စပ် လောက်တလိုင်ခရိုင်က စာသင်ကျောင်းကို ဇူလိုင်လ ၈ ရက်နေ့မှာ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုက လာရောက်ပြီး ကျန်းမာရေးစစ်ဆေးမူတွေ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

မိုးတွင်းကာလ အဖြစ်များတဲ့ ရောဂါတွေကို အဓိက စစ်ဆေးမူတွေပြုလုပ်ပေးပြီး လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ကျောင်းတာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အခုရက်ပိုင်း အဖြစ်များတဲ့ ဝမ်းပျက်၊ ဝမ်းလျော့၊ ငှက်ဖျား၊ တုတ်ကွေး စတဲ့ ရောဂါတွေကို လာရောက်စစ်ဆေးပေးသွားတာဘဲ ဖြစ်ပါတယ်။ဒီဘက်က စစ်ဘေးရှောင်တွေဟာ ကျန်းမာရေးစောင့်ရှောက်မူ အားနည်းတယ်။ အဲ့ဒီအတွက် လာရောက်ပြီး ကျန်းမာရေးစစ်ဆေးပေးတာ၊ လိုအပ်တဲ့ ဆေးဝါးတွေ ကူညီထောက်ပံ့ပေးသွားတာဖြစ်ပါတယ်။”လို့ ၎င်းက ဆိုပါတယ်။

 

အဲ့ဒီ စာသင်ကျောင်းဟာ အထက်တန်းကျောင်းဖြစ်ပြီး တက်ရောက်လာကြတဲ့ စစ်ဘေးရှောင် ကျောင်းသား/သူတွေဟာ ချင်းပြည်နယ် ပလက်ဝမြို့နဲ့ တခြားမြို့နယ်တို့မှ တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေဖြစ်ပါတယ်။

ကျောင်းမှာ လက်ရှိ ကျောင်းသား/သား ၃၀၀ ကျော်နဲ့အထက် တက်ရောက်ကြတယ်လို့ သိရပါတယ်။

 

ပြီခဲ့တဲ့ မေလတုန်းကလည်း မြန်မာ-အိန္ဒိယနယ်စပ် ကာကီစစ်ဘေးရှောင် စခန်းမှာ ဝမ်းပျက်၊ ဝမ်းလျော့ဖြစ်လို့ စစ်ဘေးရှောင်စခန်းတစ်လုံး ဖျားနားနေကြတယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – CJ

 

ပုံစာ – ဆေးကုသမူခံယူနေတဲ့ ကျောင်းသားတွေကို တွေ့ရစဥ်။