စစ်ကောင်စီ လက်နက်ကြီးကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး သေဆုံး

Published on Apr 09, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်သည် ဧပြီလ ၈ ရက်နေ့ နံနက် ၁၀နာရီခန့်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

 

ဆီဆိုင်မြို့နယ် တွေပူးကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီးကျရောက်ခဲ့ပြီး ကျောင်းသူသုံးဦးထိခိုက်ခဲ့ရာ ဆယ်တန်းကျောင်းသူ မနန်းစိန်မြမှာမူ အသက်ဆုံးပါးခဲ့ရကြောင်း  PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံမှ CJ Platform သို့ ပြောသည်။

 

“ စစ်ကောင်စီနဲ့ ပြည့်သူ့စစ်တွေက လက်နက်ကြီးနဲ့ပစ်တာ ကျောင်းသူသုံးဦးထိမှန်ခဲ့တယ် အဲ့ဒီထဲက တစ်ဦးကတော့ အသက်သေဆုံးခဲ့ပါတယ်” ဟု ခွန်းရိန်းယံမှ ပြောသည်။

 

စစ်ကောင်စီသည် မတ်လ ၂၈ ရက်နေ့ကလည်း တိုက်ပွဲပစ်ပွားခြင်းမရှိဘဲ ညောင်ရွှေမြို့နယ်၊ ထီခိုးကျေးရွာကို လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စက်လှေဆိပ်တွင် ရပ်ထားသော ကားတစ်စီးနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။