ပိုင်ကျုံမြို့နယ်က စစ်ကောင်စီရဲ့ တခေါ်ဘီခွီးတပ်စခန်းကို KNLA သိမ်းပိုက်

Author CJ Platform
Categories
Published on May 09, 2025

ကရင်ပြည် ဖားအံခရိုင် ပိုင်ကျုံမြို့နယ် အတွင်းရှိ စစ်ကောင်စီရဲ့ တခေါ်ဘီခွီးတပ်စခန်းကို ဒီကနေ့ မေလ ၉ ရက် မနက် ၉ နာရီမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ကော်သူးလေနယ်မြေအတွင်း စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၄ အခြေချတပ်စွဲထားတဲ့ လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး တပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

KNU ရဲ့ တပ်မဟာ(၃)၊ တပ်မဟာ(၄)နဲ့ တပ်မဟာ (၇) တို့က စစ်ကောင်စီတပ်စခန်း ၃ ခုကို ဒီကနေ့မှာ သိမ်းပိုက်ရရှိ တယ်လို့သိရတဲ့အပြင် စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ ထီးခီးစခန်းလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ထီးခီးစခန်းဟာ ထိုင်းမြန်မာနယ်စပ်မှာ အရေးပါတဲ့ စစ်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ-၂၅ နဲ့ ခလရ-၂၆၇ တို့တပ်စွဲထားတဲ့ စခန်းတစ်ခုဖြစ်ပြီး KNU တပ်မဟာ ၄  ဘိတ်-ထားဝယ်ခရိုင်၊ ထီးခီးနယ်စပ်မှာ တည်ရှိပါတယ်။

 

ဓာတ်ပုံ- KNU

 

ပုံစာ – လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းအား ရှင်းလင်းရရှိသည့်ပုံရိပ်များ။

 

Related News

Depend on news