ငလျင်ဒဏ်သင့် အင်းလေးဒေသရဲ့ ဒီကနေ့ မြင်ကွင်း
အင်အားပြင်း စစ်ကိုင်းငလျင်ရဲ့ ဒဏ်ကို ဆိုးဝါးစွာ ထိခိုက်ခဲ့တဲ့ ဒေသတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အင်းလေးဒေသမှာ ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့ ခက်ခဲပြီး ဒီကနေ့ ဧပြီ ၉ရက်နေ့ထိ အရေးပေါ် နေထိုင်စရာ နေအပ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းအတွင်း မြောင်းဝကြီးနဲ့ ကျောက်ကာကျေးရွာတွေဟာ ထိခိုက်မှု များပြားခဲ့ပြီး ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
“အင်းထဲမှာ ဘာဆိုင်မှ မဖွင့်တော့ဘူးဖြစ်နေတယ်၊ မိုးရွာရင် အကုန်နေစရာ ဒုက္ခရောက်မှာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။