
CJ Platform ဝိုင်းတော်သားများ၏ နှစ်သစ်ဆုတောင်း
“အောင်ပွဲမဝေး ၂၀၂၄”
အချိန်ယန္တရားတို့ မြန်ဆန်လွန်းလှသည်ဟု ဆိုရမလိုပင် ၂၀၂၃ ဆိုသည့် ခုနှစ်သက္ကရာဇ်တစ်ခုကို လူသားတို့ ချန်ရစ်ခဲ့ရပေတော့မည်။
များမကြာမီ နာရီပိုင်းအတွင်း ၂၀၂၄ ဟူသည့် ခုနှစ်သက္ကရာဇ်(ဝါ)ကိန်းဂဏန်းတို့ဖြင့် မိမိတို့ မိတ်ဆက်ကြရပေတော့မည်။
ဗုဒ္ဓ၏ တရားသဘောအရ ရှုမှတ်မည်ဆိုပါက သေဆုံးရန် တစ်နှစ်နီးပြီဟုဆိုရမည်။ လောကီရေးရာအရတော့ အသက်တစ်နှစ်ကြီးရပေဦးမည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက်တော့ တိုက်ရင်း၊ ခိုက်ရင်း တစ်နှစ်ကုန်ဆုံးသွားရပြန်တော့မည်။ စစ်ကောင်စီဘက်ကမူ ကိုယ့်ပြည်သူ ကိုယ် ပိုတိုး၍သတ်ဖြတ်ရင်း တစ်နှစ်ကုန်ဆုံးပေဦးမည်။ ဒီမိုကရေစီလိုလားသူ ပြည်သူ/ပြည်သားများဘက်ကကြည့်သော် အာဏာရှင်အောက် တစ်နှစ်ထပ်တိုးနေခဲ့ရလေပြီ။
ဤသို့ဖြင့် မိမိတို့သည် “အာဏာရှင်နိဂုံး ၂၀၂၃” ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ လာမည့် ၂၀၂၄ ခုနှစ်သည် “အောင်ပွဲမဝေး ၂၀၂၄” ပင်ဖြစ်ပေတော့မည်။
ထို့ကြောင့် CJ Platform ဝိုင်းတော်သားများအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်အတွင်း တော်လှန် မြန်မာပြည်သူ/သားများသည် မဝေးတော့သည့် နွေဦးတော်လှန်ရေးအောင်ပွဲကို လှမ်းကိုင်နိုင်ပြီး ဆန္ဒနှင့် ဘဝထပ်တူကျပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။