၃၆ နှစ်ကြာ ရှစ်လေးလုံးစိတ်ဓာတ်စွဲကိုင် နွေဦးအောင်ပွဲဆီ တိုက်ပွဲဆက်ဝင်မယ်လို့ NUG ကြုံးဝါး

Author ကိုထားဝယ်
Categories
Published on Aug 08, 2024

ယခုနှစ် ဩဂုတ် ၈ ရက်နေ့မှာကျရောက်တဲ့ ၈၈၈၈(ရှစ်လေးလုံး)အရေးတော်ပုံ ၃၆ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ပြည်သူများထံ ဒီကနေ့မှာ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

 

နွေဦးတော်လှန်ရေးပန်းတိုင်ရရှိရေး ၃၆ နှစ်ကြာရှင်သန်နေဆဲ ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲ တိုက်ပွဲဝင်မယ်လို့ ထည့်သွင်းကြုံးဝါးသွားပါတယ်။

 

နွေဦးပန်းတိုင်ဆိုတာကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ဖယ်ဒရယ် ပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေးလို့ NUG က ရည်ညွှန်းထားပါတယ်။

 

အဲဒီလိုတိုက်ပွဲဝင်ရာမှာ တိုင်းရင်းသား ညီနောင်မဟာမိတ်များအပါအဝင် ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး မဝေးတော့တဲ့ အောင်ပွဲဆီသို့ ဆက်ချီတက်မယ်လို့ ဆိုထားပါတယ်။

 

ဓာတ်ပုံ – NUG